ကိုဇော် (နည်းပညာမှတ်တမ်း)မှ ကြိုဆိုပါတယ်နော်....

Saturday, August 30, 2014

Android ဖုန်းအတွက် မြန်မာစာရိုက်နိုင်တဲ့ TouchPal X Keyboard

ကီးဘုတ်အတွက်ခေါင်းကုတ်နေရတဲ့ သိန်းဇော် အတွက်
Android OS Smart ဖုန်း အားလုံးအတွက် ဘာသာစကား (၆၈) မျိုးပါဝင်တဲ့ TouchPal X Keyboard လေးကို တင်ပေးလိုက်ပါတယ်။
ဘာသာစကားပေါင်း (၆၈) မျိုးထဲမှာ မြန်မာလည်းပါတယ်နော်။ မြန်မာလို ရိုက်ချင်တယ်ဆိုရင် More Language ထဲ ဝင်ပြီး Burmese ကို Download ဆွဲပေးလိုက်ပါ။
ဒီကီးဘုတ်လေးမှာ နောက်ခံအရောင်ကို စိတ်ကြိုက်ပြောင်းနိုင်သလို ကီးဘုတ်အရွယ်အစားကိုလည်း မိမိဖုန်းနဲ့အဆင်ပြေအောင် လိုသလို ချိန်ညှိလို့ရတဲ့အတွက် အရမ်းကောင်းမွန်ပါတယ်။ ကီးဘုတ်နောက်ခံအရောင်ကို ကိုယ်ကြိုက်တဲ့ ဓါတ်ပုံလေးတွေနဲ့ အလှဆင်နိုင်တာကလည်း သူ့ရဲ့ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။
ညွှန်းရမယ်ဆိုရင်တော့ အများကြီးပဲဗျ။ ကိုယ်တိုင်ပဲ စမ်းသုံးကြည့်လိုက်ကြပါ။







No comments:

Post a Comment