
LAVA iris 500/700/708 နှင့်အခြား V4.4.2 ဖုန်းတွေကို ဖုန်းထဲမှာ root လုပ်လို့ရတဲ့ king root apk ပါ
အဲကောင်ကိုဖောက်တဲ့အချိန်က (၂) ခါလုပ်မှပေါက်တာပါ တစ်ခါတစ်လေ သုံးလေးခါလုပ်မှပေါက်တဲ့ဖုန်းတွေလဲရှိပါတယ် အစိမ်းရောင်အ၀ိုင်းထဲမှာ အမှတ်ခြစ်လေးပေါ်လျှင် root
ဖောက်တာအောင်မြင်ပြီး root ဖောက်တဲ့အချိန်မှာ အင်တာနက်ချိတ်ပေးထားရင်ပိုကောင်းပါတယ်
king root apk ကိုအောက်မှာဒေါင်းပါ

ဒေါင်းလုပ်ယူရန်
ဒေါင်းလို့ရလာတဲ့ဖိုင်ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Next နှိပ်ပေးလိုက်ပါ

ပြီးရင် install လုပ်နေပါလိမ့်မယ်

ပြီးရင် Open ကိုနှိပ်ပြီး KingRoot software ကိုဖွင့်လိုက်ပါ

ပြီးရင် အစိမ်းရောင်အဝိုင်းလေး (Root) ကိုနှိပ်လိုက်ပါ

သူ့ဟာသူလုပ်နေပါလိမ့်မယ် တစ်ခါတစ်လေ 10 မိနစ်လောက်ကြာတတ်ပါတယ်

Root ပေါက်သွားရင်တော့ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
No comments:
Post a Comment